စတိုင်လည်းကျစမတ်လည်းဂွတဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်လာတဲ့
နာမည်ကြီး Meizu ဖုန်းများအတွက် အလွယ်တကူ Root လုပ်နည်းကို
အားလုံးအဆင်ပြေသွားအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် Root လုပ်ရန် Flyme account တစ်ခုသာလိုအပ်ပါတယ်
Flyme အကောက်ဆိုတာက ဒီဖုန်းမှာပါဝင်လေ့ရှိတဲ့ Personal setting
တစ်မျိုးဖြစ်ပါတယ်။
Personal ဖြစ်တဲ့အတွက် လိုအပ်တဲ့အခါ log in ပြုလုပ်ပြီးတော့
မလိုအပ်တဲ့အခါ ဘယ်အချိန်မဆို Sing out ပြုလုပ်ထားနိုင်တဲ့
Spacial Features တစ်ခုဖြစ်မယ်ထင်ပါတယ်။
အဆိုပါ ဖုန်း Setting > Personal Settings Options မှာ
Flyme အကောက်တစ်ခုကိုအလွယ်တကူ Register တင်ပြီး
Log in ပြုလုပ်ထားခြင်းဖြင့် သင့်ဖုန်းကို Root အလွယ်လုပ်နိုင်ပါတယ်။
ဒီတော့ ရိုးရိုးလေးတွေးကြည့်မယ်ဆိုရင်တော့ သင့်မှာအကောက်တစ်ခု
ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကျန်တဲ့ Meizu ဖုန်းအားလုံးကို
Root လုပ်ရန်အတွက် Flyme နေရာမှာ Log in ပြုလုပ်လိုက်ရုံပါပဲ။
စကားစပ်မိလို့ပြောလိုက်ပါဦးမယ် ဖုန်းကလစ်သူနဲ့ Service သမားအနေဖြင့်
ဒီဖုန်းတွေအတွက် အကောက်တစ်ခုဖွင့်ထားပြီး အသစ်လုပ်လုံးရောက်လာတဲ့အခါ
သူတို့ရဲ့ အကောက်ကို Log in လုပ်ပြီး Root ဖောက်ပေးတာမျိုးလုပ်ဆောင်တတ်ပါတယ်။
ဖုန်းကို Root လုပ်ပြီးတဲ့အခါမှာလည်း Sing Out ပြုလုပ်ပြီး ပြန်ပေးလာတတ်သလို
အသုံးပြုနေသူဖုန်းပိုင်ရှင်အနေဖြင့်လည်း မလိုအပ်ရင် Sing Out လုပ်ထားလို့ရပါတယ်
အဲဒါကေတော့ ဒီ Meizu ဖုန်းတွေရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးကတော့
Flyme ဆိုတဲ့ Features တစ်ခုဖြစ်ပါတယ်။
ဖုန်းတစ်လုံးကို Root လုပ်ဖို့အတွက် ဒီ Meizu ဖုန်းတွေမှာ Fly me ဆိုတဲ့
အကောက်ဖွင့်ပြီး ဖုန်းထဲမှာ Verify ပြုလုပ်ထားဖို့ပါပဲ အဲသလို Verify
ပြုလုပ်ထားပြီဆိုရင်တော့ သင့်ဖုန်းကို Root လုပ်ရတာ အရမ်းလွယ်ကူသွားပါပြီ
ဘာ One click Root Root & Apk မလိုအပ်ပါ။
လိုအပ်ချက်
=======
သင့်ဖုန်းကို Root လုပ်ရန်အတွက် တစ်ခုတည်းသော
လိုအပ်ချက်မှာ Connection ဖြစ်ပါတယ်။
Moble data ပဲဖြစ်ဖြစ် Wifi ပဲဖြစ်ဖြစ် ချိတ်ဆက်ထားပေးရပါမယ်
Connection အဆင်ပြေတာနဲ့ သင့်ဖုန်းကို Root လုပ်နိုင်ပါပြီ။
How to root all Meizu
===============
၁။ အောက်ပါပုံအတိုင်း Setting ကိုတစ်ချက်နှိပ်ဖွင့်လိုက်ပါ
၂။ အောပါပုံအတိုင်း မြင်နေရတဲ့အခါ အနီဖြင့်ဝိုင်းပြထားတဲ့နေရာကိုတစ်ချက်နှိပ်ပါ။
၃။ Accounts Options ရဲ့အောက် My Flyme ဆိုတာကိုထပ်နှိပ်လိုက်ပါ။
၎။ အောက်ပါပုံအတိုင်း My Flyme process တစ်ခုစတင်နေပါလိမ့်မယ်။
၅။ Personal settings Options ရဲ့အောက် System privileges မှာ
Not Open ဆိုပြီးပြနေပါလိမ့်မယ်။
အခုအခြေအနေက ဒီမှာ Flyme အကောက်တစ်ခုကို အဆင့်သင့်
ဖွင့်ထားပြီးသားဖြစ်နေလို့ အသစ်ထပ်ပြီး Sing up ပြုလုပ်စရာမလိုတာပါ။
ဒီ ဖုန်းတွေရဲ့သင်္ကေတက သက်ဆိုင်ရာဖုန်းတစ်လုံးအတွက် Flyme account တစ်ခု
မရှိဘူး အသုံးပြုနေဆဲဖုန်းတစ်လုံးမှာ အသင့်ဖွင့်ထားပြီးသားမရှိသေးဘူးဆိုရင်တော့
Not Open ဆိုပြီးဖေါ်ပြနေတတ်ပါတယ်။
မိမိမှာအကောက်တစ်ခုအသင့်ရှိမနေသေးရင်တော့ Set nickname ဆိုတာကို
နှိပ်ဝင်ပြီး Create a new account or Register a new account နေရာကို
နှိပ်ပြီး Gmail or Facebook အကောက်များဖွင့်သလို အလွယ်တကူ
Sing up ပြုလုပ်ပေးလိုက်ပါ။
မိမိအကောက်ရဲ့ Password က Strong ဖြစ်ဖို့ရအတွက်
မိမိပေးလိုက်သောက် Password ရဲ့ရှေ့ဆုံးက Password သည်
စာလုံးအကြီး အက္ခရာတစ်ခု ဖြစ်နေခဲ့ရင်ပိုကောင်းပါသည်။
၆။ အကောက်တစ်ခုကိုလည်း ပိုင်ဆိုင်ပြီးပြီဆိုရင်တော့ Verify
ပြုလုပ်ရန်အတွက် Not Opone ဆိုတဲ့ နေရာကိုတစ်ချက်နှိပ်လိုက်ပါ၊
၇။ အောက်ပါပုံအတိုင်းတက်လာတဲ့အခါ Flyme အကောက်ရဲ့
Password ကိုတောင်းနေပါလိမ့်။
၈။ အကောက်အသစ်ဖွင့်ထားတဲ့ Flyme ရဲ့ Password ကို
ထည့်ပေးလိုက်ပြီး Ok ကိုနှိပ်ပေးလိုက်ပါ။
၉။ အောက်ပါပုံအတိုင်း Warning ဆိုပြီးပြနေပါလိမ့်မယ် Ok ကိုဆက်နှိပ်ပေးလိုက်ပါ။
၁၀။ အောက်ပါပုံအတိုင်း Please wait ဆိုပြီးပြနေပြီးတော့ ဖုန်းမှာ
Reboot တစ်ကြိမ်ကျသွားပါလိမ့်မယ်။
၁၁။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းရဲ့ Flyme အကေက်ကို Verify
ပြုလုပ်ခြင်းအောင်မြင်ပြီးစီးလို့ Open ဆိုပြီးပြနေပါလိမ့်မယ်။
၁၂။ Root access ကိုစမ်သပ်ကြည့်ရန်အတွက်
Rootchecker apk ကိုဖုန်းတွင် Install ပြုလုပ်ပါ ပြီးရင် ဖွင့်လိုက်ပါ
၁၃။ အောက်ပါပုံအတိုင်းတက်လာတဲ့အခါ Verify Root ဆိုတာကိုနှိပ်လိုက်ပါ.
Verifying ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ။
အားလုံးပြီးသွာရင်တော့ Congratulations ပေါ့ဗျာ
သင့်ဖုန်းမှာ Root access ရရှိသွားပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်
ပြန်လည်ဖေါ်ပြမည်ဆိုပါက Credit ပေးပါ
ဇူးနစ်(နည်းပညာ)
Post a Comment
သင်၏စကားတစ်ခွန်သည်ကျွန်တော်၏အားဆေးတစ်ခွင့်ဖြစ်သည်။
Note: Only a member of this blog may post a comment.