Lenovo Zuk Z1 ဖုန်းကို bootloader unlock ပြုလုပ်ချင်တဲ့
သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မလား Custom recovery ထည့်သွင်းမလား
တစ်ခုခုပြုလုပ်မယ်ဆိုရင်တော့ သင့်ဖုန်းမှာပထမဆုံး
ပြုလုပ်ပေးရမှာကတော့ Bootloader ပါပဲ။
လိုအပ်တာတွေကိုအောက်ကလင့်များမှာရယူပါ
Click Here to Download ADB & Fastboot
Universal ADB Driver ကိုကွန်ပျူတာတွင် Install ပြုလုပ်နည်း
အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း
How to Unlock Bootloader on Lenovo Zuk Z1
==========================
၁။ ဖုန်းမှာ Settings> Developer options > USB Debugging ကို enable ပေးထားပါ။
၂။ Developer options ကိုသွားပြီး enable ကို Allow oem unlock လုပ်ထားပါ။
၃။ ADB & Fastboot zip ဖိုင်ကိုဖြေထားပါ၊
Driver များထည့်သွင်းနည်းကိုသေချာအောင်ပြုလုပ်ထားပါ။
၎။ ဖုန်းကိုဝါပါပိတ်ပါ၊ Fastboot mode သို့ဝင်ရပါမည်။
volume down + power များကို 5-6 စက္ကန့်လောက် တွဲနှိပ်ထားလိုက်ပါ။
၅။ ဖုန်းမှာ bootloader screen ကိုမြင်နေရတဲ့အခါ ကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ။
၆။ ကွန်ပျူတာက ဖုန်းကိုသိပြီဆိုတာနဲ့ bootloader device သို့သွားရန်အတွက်
adb reboot bootloader: ပြီးရင် Enter ကိုခေါက်ပါ။
၇။ ADB & Fastboot ကိုဖွင့်လိုက်ပါ၊ ကွန်ပျူတာမှ Shift Key + Mouse+ Right Click တစ်ချက်ထောက်ပြီး Open Command Windows Here ဆိုတာကိုတစ်ချက်နှိပ်ပြီး
ADB Command Box ကိုဖွင့်လိုက်ပါ။
၈။ အားလုံးအသင့်အနေအထားဖြစ်ပြီဆိုရင်တော့ အောက်က Command word များကို
မှန်အောက်ရိုက်ထည့်ပေးလိုက်ပါ။ တစ်ကြောင်းရေးပြီးတိုင်း Enter ကိုတစ်ချက်ခေါက်ပြီးသွားပါ။
adb devices
ဒုတိယတစ်ကြိမ် အောက်ပါစာကြောင်းကိုရိုက်ထည့်ပါ
-i 0x2b4c
ဒီ တစ်ခါ bootloader လုပ်ရန်အတွက် အောက်ကစာကြောင်းကိုရိုက်ထည့်ပါ။
fastboot -i 0x2b4c oem get-device-info
သင့်ဖုန်းကို bootloader Unlocking process တစ်ခုပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ
အားလုံးပြီးသွားရင်တော့ အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ၊
fastboot reboot
Reboot လုပ်နေတုန်း unlock symbol လို့ခေါ်တဲ့
သင်္ကေတကိုမြင်နေရပါလိမ့်မယ်၊ ပြန်တက်လာတဲ့အခါမှာတောာ့
သင့်ဖုန်းမှာ Unlock လုပ်ထားပြီးသားဖြစ်နေပါပြီ။
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Post a Comment
သင်၏စကားတစ်ခွန်သည်ကျွန်တော်၏အားဆေးတစ်ခွင့်ဖြစ်သည်။
Note: Only a member of this blog may post a comment.