GuidePedia

0
HTC One A9 ဖုန်းကိုင်ဆောင်ထားတဲ့ညီအကိုတွေအတွက်
 Root လုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဖုန်းကို Root လုပ်နည်းကိုမလေ့လာဖူးတဲ့သူတွေအတွက်အထူးသဖြင့်
 ADB & Fastboot ကိုအသုံးပြုပြီး Command words တွေဖြင့် တစ်ဆင့်ချင်း
Root လုပ်နည်းကို မလုပ်ဖူးသေးရင်တော့ နည်းနည်းတော့ အခက်ဖြစ်နိုင်ပါတယ်။


ဒါပေမယ် ဖေါ်ပြပါ Guide အတိုင်းသာ တိကျအောင် ပြုလုပ်နိုင်ခဲ့ရင်တော့
သင့်ဖုန်းကို အလွယ်တကူ Root လုပ်ယူနိုင်မှာဖြစ်ပါတယ်။

ကွန်ပျူတာတွင် ADB Fastboot tool ကို Install ပြလုပ်ထားရပါမည်
မရှိသေးရင်တော့ အောက်ကလင့်မှာ ရယူပြီး Install ပြုလုပ်နည်းကိုပါလေ့လာလိုက်ပါ

အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း

Setting > Developer Options > USB Debugging ကို Enable ပြုလုပ်ပါ

SuperSup.zip ဖိုင်များကိုဒေါင်းလော့ယူပါ

Click Here to Download Zu.zip

Click Here to Download Superuser.zip

boot.img ဖိုင်ကိုဒေါင်းလော့ရယူပါ

Download Here a9-att-635081.3.zip

Download Here a9-ee-635503.7.zip

Download Here a9-unlocked-639737.5.zip

ဒေါင်းပြီးရလာတဲ့ img လေးကို boot .img လို့ name ချိန်းပေးလိုက်ပါ

ADB Fastboot Zip ကိုဒေါင်းလော့ရယူပါ


Fastboot Mode ကိုသို့ဝင်ပြီး ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ

ပြီးရင် Fastboot Folder ကိုဖွင့်လိုက်ပါ Shift+Right Click>Open Command Here)
 ဆိုပြီး ADB Command Box ကိုဖွင့်လိုက်ပါ။

ADB Command Box ထဲမှာ အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး
Enter ကိုခေါက်ချလိုက်ပါ။

adb devices

ဒီတစ်ခါတော့သင့်ဖုန်းက bootloader မလုပ်ရသေးဘူးဆိုရင်တော့
bootloader ပြုလုပ်ပေးရမှာဖြစ်ပါတယ်၊ အောက်ကလင့်မှာဝင်ကြည့်လိုက်ပါ။

How to bootloader unlock 

Fastboot Mode သို့ဝင်ရမှာဖြစ်တဲ့အတွက်

အောက်ပါစာကြောင်းကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

adb reboot download

ဒီတစ်ခါ bootimage ကိုသွင်းပေးရမှာဖြစ်တဲ့အတွက် အောက်ပါစာကြောင်းများကို

မှန်အောင်ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ။

fastboot flash boot <bootimage name>

ဥပမာ-fastboot flash boot a9-att.img ဆိုပြီးရိုက်ထည့်ပါ

bootloader သို့ဝင်ရဦးမှာဖြစ်တဲ့အတွက် အောက်ပါစာရိုက်ကြောင်း

ရိုက်ထည့် ပြီးရင် Enter ခေါက်။

fastboot reboot-bootloader


ဖုန်းကို Factory reset ချပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ 
cusomt boot image ဖြင် အထားထိုးသွင်းယူရမှာဖြစ်လိုပါ။

အပေါ်ကအတိုင်းဆင့်ချင်းစီ စာကြောင်းများကို တစ်ဆင့်ချင်းစီ
 ပြီးသွားတဲ့အခါ Download mode ကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်၊ 

Custom recovery မရှိသေးရင်တော့ အောက်ကလင့်မှာရယူပါ

Download Here twrp-2.8.7.0_CPTB-B9-hiae.img 


recovery.img ဖိုင်ကိုဒေါင်းလော့ရယူပြီးတော့ အောက်ပါစာကြောင်းများကို
မှန်ကန်အောင်ရိုက်ထည့်ပေးလိုက်ပါ။

fastboot flash recovery recovery.img


ဒီတစ်ခါ Recovery mode ကိုထပ်ဝင်ပေးရဦးမှာဖြစ်ပါတယ်
အောက်ကစာကြောင်းကိုမှန်အောင်ရိုက်ထည့် Enter ခေါက်ပါ။

fasboot boot twrp.img


data partition များရှင်းလင်းပေးရမှာဖြစ်တဲ့အတွက်
 အောက်ပါစာကြောင်းများကိုရိုက်ထည့် Enter ထပ်ခေါက်လိုက်ပါ။

adb shell mount /dev/block/mmcblk0p62 /data


ဒီတစ်ခါ zu.zip ဖိုင်ကိုဖြေလိုက်ပါ su.img ဆိုပြီးရလာပါလိမ့်မယ်။
အောက်ပါ command များကိုရိုက်ထည့်ပြီး Enter ခေါက်ပါ။

adb push su.img /data/su.img


ဖုန်းကို Reboot ချပေးလိုက်ပါ။

Supersuer.apk ဖိုင်ဖြေလိုက်ပါ အောက်ပါစာရိုက်ကိုရိုက်ထည့်ပြီး install ပြုလုပ်လိုက်ပါ။

adb install superuser.apk

Root လုပ်ခြင်း Bootloader ပြုလုပ်ခြင်းကိစ္စအောင်မြင်စွာဖြင့်

ပြီးဆုံးပါပြီ။ သင့်ဖုန်းကို Root Checker ဖြင့် စမ်းသပ်ကြည့်လိုက်ပါ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Post a Comment

သင်၏စကားတစ်ခွန်သည်ကျွန်တော်၏အားဆေးတစ်ခွင့်ဖြစ်သည်။

Note: Only a member of this blog may post a comment.

 
Top