GuidePedia

0
3D Film ဒီဇိုင်းပြုလုပ်နည်း 

ကျုပ်တင်ပေးမှာကတော့ ဗီဒီယိုတည်းဖြတ်တာတွေမှာအသုံးပြုသည့် ဖလင်ဒီဇိုင်းကို Photoshop နဲ့ပြုလုပ်နည်းလေးဖြစ်ပါတယ် အလွယ်တကူလေ့လာရအောင် ဓါတ်ပုံလေးတွေနှင့်လုပ်နည်းကို ရှင်းပြသွားမှာဖြစ်ပါတယ်…





ပထမအနေနဲ့ Layer အသစ်ကို ယူရပါမယ် Ctrl + N သို့မဟုတ် File ကနေ New Layer ကိုယူ လိုက်ပါ ပေါ်လာသည့် ဇယားကွက်တွင် Width ကို 800 Pixels Height ကို 600 Pixels Resolutio ကို 216 ထားလိုက်ပါ နားမလည်ရင် ပုံကိုကြည့်ပါ



Background Color ကို အမဲရောင်ပြောင်းလိုက်ပါ ပြီးရင် Layer ကိုထပ်ပွားပါမယ် ပွားတတ်မယ် ထင်၍ ပုံနဲ့မပြောတော့ပါဘူး Background layer မှာ Right Crick ကိုနှိပ်၍ Duplicate Layer ဆိုတာကိုလေးကို ရွေးလိုက်ပါ ပွားလိုက်တဲ့ Layer ကို အဖြူရောင်ပြောင်းပေးပါ ပြီးရင်
Ctrl + T ကိုနှိပ်၍ အပေါ်က Tool Bar မှာ X,Y,W,H ဆိုပြီး ၄ ခုရှိပါတယ် X 400 Y 300 W 92
H 75 ထားပေးလိုက်ပါ ရပါမယ်



ပြီးရင်တော့ Layer ကိုပေါင်းလိုက်ပါ Ctrl + E သို့မဟုတ် Layer ကိုသွား၍ Left Crick ကိုနှိပ်ပြီး
အောက်ဆုံးနားက Merger Down ဆိုတာကိုရွေးပေးနိုင်ပါတယ်


Ctrl+A သို့မဟုတ် Select က All ဆိုတာကို နှိပ်ပြီးပြုလုပ်နိုင်ပါတယ် Copy ကူးဖို့အတွက် Ctrl+C ကိုနှိပ်နိုင်သလို Edit က Copy ကိုလည်းရွေးချယ်နိုင်ပါတယ် ပြီးရင်တော့ မိမိ ကြိုက်နှစ်သက် တဲ့ ပုံတွေကို Paste ပြုလုပ်နိုင်ပါတယ် ကျုပ်ကတော့ New Layer ကိုပဲအသုံးပြု ထားပါတယ်







ပြီးရင်တော့ မိမိ Paste လုပ်ထားတဲ့ Layer ကို ပွားရပါမယ် Alt နှင့် ကီးဘုတ်က ပေါ်အောက်ဘေး ရွှေ့တဲ့ ခလုတ်ထဲက ကြိုက်တဲ့ခလုတ်ကိုနှိပ်တာနဲ့ ရနိုင်ပါတယ်လေးခုဖြစ်အောင်ပွားပါ ပြီးလျှင် Layer ကိုတစ်ခုထဲဖြစ်အောင် မိမိပွားထားသော Layer များကိုပြန်ပေါင်းပါ Ctrl+E






ပြီးရင်တော့ Brush Tool ကိုအသုံးပြု၍ လုပ်ဆောင်ရမှာဖြစ်ပါမယ် Brush Tool ရယူဖို့အတွက်  Eraser Tool ယူပြီး Brush လေးထောင့်ပုံစုံ 34 လောက်ယူပါ ပြီးရင် ပုံမှာပါသည့်အတိုင်း Spacing ကို 296 % လောက်ထားပါပေးပြီး ဖလင်အစမှာ Left Crick ကို တချက်ထောက်၍ နောက်ဆုံး အနားမှာ Shit ကီးကိုဖိပြီး တချက်ထောက်လိုက်ပါ ပုံမှာပါသည့်အတိုင်းဖြစ်လာပါလိမ့်မယ်




အခုတခါလုပ်ရမှာက ဖလင်အကွက်ထဲက အဖြူရောင်လေးတွေကိုဖျေက်ရမှာဖြစ်ပါတယ် ဒါကြောင့် Quick Selection ကိုရွေးပြီး ပုံမှာ ကောက်ချက်အနီရောင်လေးတွေပြထားသည့် နေရာကို Left Crick ကိုတချက်ထောက်ရုံမျှဖြင့်ရပါပြီ လေးခုစလုံးထောက်ပြီဒရင် ကီးဘုတ်က Delete နဲ့ဖျက်လိုက်ပါ


အခုတခါတော့ မိမိတို့ ဖျက်လိုက်လိုက်တဲ့နေရာမှာ ပုံလေးတွေအစားထိုးဖို့လိုအပ်နေပါပြီ မိမိတို့နှစ် သက်သည့်ပုံကို ထည့်နိုင်ပါပြီ ပုံထည့်တာလောက်တော့ထည့်တတ်မယ်ထင်၍ မရှင်းပြတော့ပါဘူး လေးပုံလုံးထည့်ပြီးရင်တော့ Layer ကို Select က All Layers ကိုနှိပ်၍ Ctrl+E ကိုနှိပ်၍ Layer ကိုပေါင်းပေးပါ မှတ်ချက် Film Layer ကိုအပေါ်ဆုံးကထားရမည်






နောက်တစ်ဆင့်ကတော့ Edit က Transform ကတဆင့် Warp ကိုယူလိုက်ပါ




အခုတခါတော့ အလံပုံစုံလေးလုပ်ဖို့လိုအပ်လာပြီ ထို့ကြောင့် အပေါ် Bar က Waep မှာ မူလတခြား ပေါ်နေတာကို Flag ဆိုတာကိုရွေးပေးလိုက်ပါ ကောက်ချက်လေးတွေကိုကြည့်ပါ



 ပြီးရင်တော့ ထိပ်ဝကိုကြီးအောင် Ctrl+Mouse လေးကို ဖိပြီး ထိပ်ဝကိုနဲနဲလောက်ကြီးအောင်ပြု ပြုလုပ်ပြီး နောက်ကောက်ချက်နီလေးပေးထားတဲ့ နေရာလေးကိုထောက် Ctrl+Mouse ကိုဖိပြီး ပုံအတိုင်းလောက် သေးပေးပါ ကဲနောက်ဆုံးတော့ မိမိတို့ လိုချင်တဲ့ Film ဒီဇိုင်းရပါပြီ



ကျုပ်စာလေးဖတ်ရှု့ပေးကြသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ် ကျုပ်ရေးတာကို မိမိတို့လေ့

လာ၍ တက်မြောက်သွားလျှင် ကျုပ်ပင်ပန်းကျိုးနပ်ပါပြီ

  အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)  

Post a Comment

သင်၏စကားတစ်ခွန်သည်ကျွန်တော်၏အားဆေးတစ်ခွင့်ဖြစ်သည်။

Note: Only a member of this blog may post a comment.

 
Top